၁၉၉၅ ခုနှစ် ဘော့စနီးယား မွတ်စလင် ယောက်ျားလေးတွေ အသတ်ခံရမှု ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဲဒီဖြစ်စဉ်က သေဆုံးသူ ၁၄ ယောက်ရဲ့ ရုပ်ကြွင်းတွေကို ဇူလိုင် ၁၁ ရက်က ဂူသွင်းမြုပ်နှံ ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ တစ်ခုတည်းသော ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ရှုမြင်ထားတဲ့ ဆရီဘရီနီကာ ဖြစ်ရပ်ဆိုးရဲ့ အပြည်ပြည်ဆိုင်ရာ အောက်မေ့ဖွယ်နေ့အဖြစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကြေညာထားပါတယ်။

ကြာသပတေးနေ့က မြှုပ်နှံ ခံရသူ ၁၄ ယောက်မှာ အသက်အငယ်ဆုံးက အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး အသက်အကြီးဆုံးက ၆၈ နှစ် ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို ဆရီဘရီနီကာ အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား ပြီးနောက် အုတ်ဂူတွေမှာ မြုပ်နှံခဲ့တာပါ။

ယူဂိုဆလားဗီးယားပြိုကွဲပြီးနောက် ဘောလ်ကန်စစ်ပွဲအတွင်း ၁၉၉၅ ခုနှစ်မှာ ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့တွေက ကုလသမဂ္ဂရဲ့ ဆာရီဘရီနီကာ လုံခြုံရေးဇုန်ကို သိမ်းပိုက်ပြီးနောက် ဘော့စနီးယားမွတ်စလင်အမျိုးသားနဲ့ ယောက်ျားလေး ၈၀၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါ တယ်။
၁၉၉၂-၉၅ စစ်ပွဲပြီးဆုံးပြီးနောက် ဘော့စနီးယားဆာ့ဘ်နဲ့ ဆားဘီးယားနှစ်နိုင်ငံစလုံးက သတ်ဖြတ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မခေါ်နိုင်ဘူးလို့ ငြင်းဆိုထားပြီး အနှစ် ၃၀ နီးပါးကြာ သဘောထားကွဲပြားနေဆဲ ဖြစ်ပါတယ်။