အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်(သ်)ပို့(တ်)မြို့က ကလေးငယ်တွေ ဓားထိုးခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒဖော် ထုတ်မှုဟာ မြောက်ပိုင်းဒေသက မြို့တစ်မြို့ဖြစ်တဲ့ ဆန်းဒါးလန်းမြို့ကိုပါ သောကြာနေ့က ကူးစက်လာခဲ့ပါတယ်။
ဆန်းဒါးလန်းမြို့မှာ ရွှေ့ပြောင်းအခြေချဝင်ရောက်မှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်သူတွေက မြို့ရဲ့ ဗလီတစ်ခုအနီးမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ကားတွေကိုလည်း မှောက်လှန်ကာ မီးတင်ရှို့ခဲ့ကြပြီးတော့ အနီးအနားက ရဲစခန်းတစ်ခုကိုလည်း မီးရှို့ခဲ့တယ်လို့ ဘီဘီစီသတင်းက ပြောပါတယ်။

အဲဒီဆန္ဒဖော် ထုတ်မှုဟာ အခုသီတင်းပတ် အားလပ်ရက်မှာ လစ်ဗာပူးလ်က ဗလီနှစ်ခု အပါအဝင် နိုင်ငံတစ်လွှားမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး တန်ပြန်ဆန္ဒဖော်ထုတ်ပွဲတွေ ကျင်းပဖို့လည်း စီစဉ်နေတာတွေ ရှိနေရပါတယ်။