နွေရာသီ ဒုတိယအပူလှိုင်းဟာ စပိန်နိုင်ငံရဲ့ဒေသအများအပြားမှာ ဖြတ်သန်းနေပြီး အပူချိန်ကလည်း ၄၀ ဒီဂရီ စင်တီဂရိတ်အထက် ကျော်လွန်သွားတဲ့အတွက် နိုင်ငံတွင်း တောမီးအန္တရာယ် မြင့်တက်လာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်က လုပ်သားတွေ အပူဒဏ်ခံနေရတာ တွေ့ရသလို ကလေးတွေဟာ မြစ်တွေနဲ့ ကမ်းခြေတွေမှာ အနားယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ကာနေရီကျွန်းဆွယ်ရဲ့ ကျယ်ပြန့်တဲ့နေရာတွေ၊ ကျွန်းက တချို့နေရာတွေနဲ့ နိုင်ငံ အနောက် ပိုင်းဒေသတွေမှာ အလွန်အကျွံ အပူရှိန်ပြင်းထန်မှု အန္တရာယ်ကိုဖော်ပြတဲ့ လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း စပိန်မိုးလေဝသအေဂျင်စီက X လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာမှာ ကျော်ကြား တဲ့ စပိန်မြို့ ဆီဗီလီမှာ အရိပ်ထဲမှာပင် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး နေရောင်အောက်မှာ ၄၇ ဒီဂရီ စင်တီ ဂရိတ်ရှိတယ်လို့ သိရပါတယ်။

အပြင်းထန်ဆုံး အပူဒဏ်က သက်သာရာရဖို့ တချို့မြို့တွေမှာ ပြင်ပအလုပ်တွေ အတွက် အချိန်ဇယားတွေ ပြင်ဆင်ထားရပါတယ်။