စပိန်နိုင်ငံ မာလိုကာကျွန်းမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်စဉ် တောင်တက်ခရီးမှာ ပျောက်ဆုံးသွားတဲ့ ဗြိတိန်အမျိုးသားတစ်ဦးရဲ့ အလောင်းကို စပိန်အရပ်ဘက်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ စက်တင်ဘာ ၃ ရက်ကထဲက ပျောက်ဆုံးနေခဲ့တာပါ။
စက်တင်ဘာ ၄ ရက်မှာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေကြီးမှုကြောင့် ပိတ်မိနေတဲ့ တောင်တက်သမား ၁၀ ဦးကို ကယ်တင်ခဲ့ပြီး မာလော်ကာရဲ့ ထရန်မွန်တာနာတောင်တွေအတွင်းက ချောက်ကြီးတစ်ခုအနီးမှာ အသက် ၂၆ နှစ်အရွယ် ဗြိတိန်အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်အမျိုးသားတစ်ဦး ပျောက်ဆုံးနေတာ သိရှိခဲ့ပြီးနောက်မှာတော့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ရင်း စက်တင်ဘာ ၆ ရက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီးမည်သူမည်ဝါဖြစ်ကြောင်း တရားစီရင်ရေးအရ ဖော်ထုတ်တဲ့လုပ်ငန်းစဉ် ဆောင်ရွက်နေပြီး တွေ့ရှိခဲ့တဲ့အလောင်းဟာ တောင်တက်ရင်းပျောက်ဆုံးသွားတဲ့ ဗြိတိန်လူငယ်နဲ့ ကိုက်ညီမှုရှိတယ်လို့ စပိန်အရပ်ဘက်အဖွဲ့က ပြောပါတယ်။
တော်ရန့်ဒီ ပါရီးစ်အမည်ရှိ အဲဒီချောက်ကြီးဟာ ငါးကီလိုမီတာ ရှည်လျားပြီး မီတာ ၃၀၀ လောက်နက်ရှိုင်းကာ မိုးသည်းချိန်မှာ ရေကြီးရေလျှံလေ့ရှိလို့ ရုန်းထွက်ဖို့ ခက်ခဲ့စေတယ်လို့ သိရပါတယ်။