မနှစ်က ဥရောပရဲ့ ပထမဆုံး ပုဂ္ဂလိက ဒုံးပျံလွှတ်တင်မှုကို လုပ်ဆောင်ခဲ့တဲ့ စပိန်ကုမ္ပဏီ PLD Space ဟာ အီလွန်မတ်စ်ရဲ့ SpaceX လို ကုမ္ပဏီကြီးတွေနဲ့အပြိုင် အာကသထဲကုန်ပစ္စည်း အမျိုးအစားမရွေး ပို့ဆောင်ဖို့နဲ့ တစ်နေ့မှာ လူသားတွေကိုပါ သယ်ဆောင်သွားနိုင်စေဖို့ ရည်ရွယ်ကြိုးပမ်းနေပါတယ်။
လာမယ့်နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ အင်တာနက်လှိုင်းထုတ်လွှတ်မယ့် ထောင်နဲ့ချီတဲ့ ဂြိုဟ်တုငယ်တွေ ဖြန့်ကြက်ဖို့ စီစဉ်နေပါတယ်။
ဒါကြောင့် ၂၀၃၀ ပြည့်နှစ်မှာ အာကာသဈေးကွက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့် ချက်နဲ့အတူ ဒုံးပျံကုမ္ပဏီအသစ်တွေ ထွက်ပေါ်လာရာမှာ PLD လည်း ပါဝင်ခဲ့ပါတယ်။
PLD အမှုဆောင်ဥက္ကဋ္ဌ အက်ဇ်အီကွီလ်ဆန်းချေ့ဇ်က ၂၀၂၆ ခုနှစ်နောက်ပိုင်း ဒုံးပျံအသစ်နဲ့ ပတ်လမ်းကြောင်း သေးငယ်တဲ့ ဂြိုဟ်တု တွေကို လွှတ်တင်တာက ကုမ္ပဏီရဲ့ လာမယ့်ဆယ်စုနှစ် စီးပွားဖြစ်လုပ်ငန်း အစပျိုးမှု ဖြစ်မယ်လို့ ရိုက်တာကို ရှင်းပြခဲ့ပါတယ်။

ပတ်လမ်းတစ်စိတ်တစ်ပိုင်း လှည့်လည်တဲ့ Miura-1 ဒုံးပျံ အောင်မြင်စွာ ပျံသန်းပြီးနောက် PLD ဟာ သူ့ရဲ့ ပတ်လမ်းအပြည့် Miura-5(မြူရာ-ဖိုက်) ပတ်လမ်းပြည့် ဒုံးပျံကို ၂၀၂၅ နဲ့ ၂၀၂၆ မှာ ပြင်သစ် ဂီအာနာ ကနေ နှစ်ကြိမ်လွှတ်တင် စမ်းသပ်မှာပါ။
၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး စပိန်ဖိနပ်လုပ်ငန်းရဲ့ ဗဟိုချက် အဲလ်ချီမှာ အခြေစိုက်တဲ့ အစပျိုးကုမ္ပဏီ PLD ဟာ ယူရိုသန်း ၆၀၀ ဖိုး အပ်နှံမယ့် ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှု ရရှိပြီးတဲ့နောက် Miura-5 လွှတ်တင်ရာမှာ စာချုပ်တွေချုပ်ဖို့ ရည်မှန်းထားပါတယ်။
ဥရောပသမဂ္ဂ ကပ်ရောဂါ ပြန်လည်ထူထောင်ရေးရန်ပုံငွေကနေ ယူရိုသန်း ၄၀ အပါအဝင် အခုအချိန်အထိ ဆွဲဆောင်ထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိကငွေကြေး ယူရို ၁၅၅ သန်းကို ထိပ်ဆုံးကထားပြီး လာမယ့်လတွေမှာ ရန်ပုံငွေအသစ်တွေ မြှင့်တင်ဖို့လည်း မျှော်လင့်ထားပါတယ်။ လာမယ့်လေးနှစ်အတွင်း စက်ရုံကို စွမ်းရည်ခြောက်ဆတိုးချဲ့ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။