ယူကရိန်းအပေါ် ရုရှားက အထူးစစ်ဆင်ရေး စတင်ဆင်နွှဲတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်မြို့တော်မှာ ယူကရိန်းဖက်ရှင်ရက်သတ္တပတ် ကျင်းပနေပါတယ်။
ဒေသခံဒီဇိုင်နာတွေက သူတို့ရဲ့ နောက်ဆုံးပေါ် ၂၀၂၅ နွေဦးရာသီ စုစည်းမှုတွေကို တင်ဆက်လိုက်တဲ့အခါ စစ်ပွဲက သူတို့ရဲ့ ဖက်ရှင်ဖန်တီးမှု တွေပေါ် လွှမ်းမိုးနိုင်ပုံကို မျှဝေခဲ့ကြပါတယ်။
စစ်ပွဲရဲ့ အာဘော်က ဒီဇိုင်းတွေရဲ့ အစ္ဈတ္တ အစိတ်အပိုင်းတွေက တစ်ဆင့် ထင်ဟပ်နေတယ်လို့ ယူကရိန်းဒီဇိုင်နာ အီဟောဆီလက်စကီးက ပြောပါတယ်။

ဖက်ရှင်ရှိုးပွဲသာမက နိုင်ငံ့စီးပွားရေးကို ပံ့ပိုးပေးတဲ့ဒီပွဲဟာ တီထွင်ဖန်တီးမှု နယ်ပယ်အတွက် အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံမြောက်ပိုင်းက ကိယက်ဗ်မှာ ဖက်ရှင်ပြပွဲလုပ်နေချိန် အနောက်ပိုင်း အယ်လ်ဗစ်မြို့မှာ ရုရှား ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် လူခုနစ်ယောက် သေဆုံးခဲ့ပြီး မြို့လယ်က သမိုင်းဝင် အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
လူ ၁၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ လည်း ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၄ နာရီအတွင်း ယူကရိန်းဒေသ ကိုးခုက စွမ်းအင်ဌာနတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။