ဝါရင့် ကွန်ဖူး အက်ရှင် မင်းသား ဂျက်လီကို စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ တိဗက်ဗုဒ္ဓဘာသာ ပွဲလမ်းသဘင်တစ်ခုမှာ တွေ့မြင်လိုက်ရတယ်လို့ Channel News Asia သတင်းက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

အဲဒီပွဲတော်ဟာ တိဗက်ဗုဒ္ဓ ဘာသာရဲ့ ထင်ရှားတဲ့ ဆရာတော်တစ်ပါးဖြစ်သူ ကြာဂွန်း ချက်ဆန် ရင်ပိုချီက တရားဒေသနာတော်တွေကို ဟောကြားတဲ့ အခမ်းအနား ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားတဲ့ ကွန်ဖူးမင်းသား ဂျက်လီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး လူမြင်ကွင်းမှာ သိပ်မတွေ့ရဘဲ ပျောက်နေခဲ့ရာမှာ အခု စင်ကာပူ နိုင်ငံမှာ ရှားရှားပါးပါး လူမြင်ကွင်းမှာ ပြန်တွေ့ရတာပါ။
၂၀၀၈ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေမှာ သူ့ကို အားနည်းတဲ့ ရုပ်သွင်နဲ့တွေ့ခဲ့ရလို့ အဲဒီတုန်းက သူ့ရဲ့ ကျန်းမာရေးအပေါ် ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့် တက်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်နှစ်အကြာမှာ ပြန်တွေ့ရချိန်မှာတော့ ဂျက်လီဟာ အရင်ထက် ပိုမိုငယ်ရွယ် နုပျို နေတာကို တွေ့ခဲ့ရပါတယ်။ သူရဲ့ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၂၀ ပြည့်နှစ်က ထွက်ရှိ ခဲ့တဲ့ မူလန် ရုပ်ရှင်ဖြစ်ပြီး အဲဒီရုပ်ရှင်ဇာတ်ကားမှာ ဂျက်လီဟာ တရုတ်ဧကရာဇ်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။