အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဂျိတ် ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ဟာ တရုတ်နိင်ငံ ပေကျင်းမြို့တော်မှာ အင်္ဂါနေ့က စတင်တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင် ခင်မှာ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြားမှာ တင်းမာမှု ပြေလျော့စေဖို့ ရည်ရွယ်တဲ့ ဆွေးနွေး မှုတွေရဲ့ အစလည်း ဖြစ်ပါတယ်။
တံခါးပိတ်အစည်းအဝေး မလုပ်ခင် သတင်းထောက်တွေကို စကားပြောရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အရေးပါပြီး ကမ္ဘာ့ကြီးအပေါ် ဩဇာလွှမ်းမိုးရှိကာ ဆက်ဆံရေး သမိုင်းတစ်လျှောက် အချိုးအကွေ့များစွာလည်း ရှိခဲ့ပြီဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး ဟာ တည်ငြိမ်အေးချမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ အခြေအနေတစ်ရပ်ဆီကို ရွေ့လျားသွားဖို့ မျှော်လင့်ကြောင်းပြောပါတယ်။

ဂျိတ် ဆူလီဗန်ကလည်း ထိထိရောက်ရောက် လက်တွေ့ကျကျ ကိုင်တွယ်ဖို့လိုအပ်နေတဲ့ သဘောထား တူညီမှု ၊ မတူညီမှုတွေရှိတဲ့ နယ်ပယ်တွေအပေါ်မှာ ဆွေးနွေးစကား ပြောဆိုသွားကြမယ်လို့ ပြောပါတယ်။
ဆူလီဗန်ရဲ့ ပေကျင်းခရီးစဉ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။
ဆူလီဗန်ဟာ အင်အားကြီး နှစ်နိုင်ငံ အကြား အားပြိုင်မှုကို ညှိုနှိုင်းဆွေးနွေဖို့ ရည်ရွယ်ချက်နဲ့ ဝမ်ယိနဲ့ ပုံမှန်စကားပြောဆိုမှုတွေ လုပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဘန်ကောက်မှာ နောက်ဆုံးတွေ့ဆုံခဲ့ပါတယ်။