တောင်ကိုရီးယားနိုင်ငံကို လာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကို ကန့်ကွက်တဲ့အနေနဲ့ တက်ကြွလှုပ်ရှား သူတွေဟာ စက်တင်ဘာ ၆ ရက်နေ့က ဆိုးလ်မြို့တော်မှာ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်အကြား ဆက်ဆံရေးကို လွှမ်းမိုးနေတဲ့ အငြင်းပွားမှုတွေအကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင် ဆောင်ပြီး တက်ကြွလှုပ်ရှားသူ ၂၀ လောက်က တောင်ကိုရီးယား သမ္မတရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။
ဂျပန်က ကိုရီးယားကို သိမ်းပိုက်ခဲ့မှုနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောတို့ ဆောင်ရွက်ခဲ့ကြပါတယ်။

တောင်ကိုရီးယား- ဂျပန်ထိပ်သီးစည်းဝေးပွဲကို စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီး ကီရှိဒါဟာ နောက်တစ်နေ့ တိုကျိုကို ပြန်လည်ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ့် နည်းလမ်းတွေကို ဆွေးနွေးကြ မယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ကီရှီဒါဟာ ရာထူးကနုတ်ထွက်မယ်လို့ ကြေညာ ထားတဲ့အတွက် သူ့နေရာဆက်ခံသူကို ရွေးချယ်ဖို့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဟာ စက်တင်ဘာ ၂၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။