ဂျပန်ဘုရင် နာရူဟီတိုနဲ့ မိဖုရား မာဆာကိုတို့ဟာ ဇွန်လ ၂၂ ရက်က ဗြိတိန်နိုင်ငံကို တစ်ပတ်ကြာခရီး စတင်ခဲ့ပါတယ်။
လန်ဒန်မှာ သူတို့နှစ်ယောက် ပညာသင်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်ကို သွားရောက်ပြီး ဗြိတိန်ဘုရင် ချားလ်စ်တည်ခင်းတဲ့ ဧည့်ခံပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
တော်ဝင်မိသားစုနှစ်စုကြား ရှည်လျားတဲ့ ဆက်ဆံရေးကို ဂုဏ်ပြုဖို့နဲ့ နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပြသဖို့အတွက် ဂျပန်ဘုရင်နဲ့ မိဖုရားတို့ ဗြိတိန်မှာ ရောက်နေတာလို့ ဗြိတိန်အရာရှိတွေက ပြောပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် သက်ရှိထင်ရှား ရှိစဉ် ၂၀၂၀ ပြည့်နှစ်က ဂျပန်ဘုရင်နဲ့ မိဖုရား လာရောက်လည်ပတ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။
၂၀၂၂ ခုနှစ်မှာတော့ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ဈာပနကို နာရူဟီတိုနဲ့ မာဆာကို တို့ သွားရောက်ခဲ့ပြီး ဒါဟာ နာရူဟီတို နန်းတက်ပြီးနောက် သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပါ တယ်။ ကင်ဆာရောဂါတွေ့ရှိပြီးနောက် နာမကျန်းဖြစ်နေပေမယ့် ချားလ်စ်ဘုရင်က သူတို့ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ခရီးစဉ်မတိုင်ခင် နာရူဟီတိုက ထုတ်ပြန်ခဲ့ပါတယ်။