စစ်ပြီးအလွန် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE)က အရာရှိတစ်ယောက်က ပြောကြားခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာ ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းမှုမှာ တတ်နိုင်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင် ခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတာလို့ အဲဒီအရာရှိက ပြောပါတယ်။ ဂါဇာဒေသ ပြန်လည်တည် ဆောက်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး ဂါဇာမှာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိရေးနဲ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးရရှိစေဖို့အတွက် နိုင်ငံတကာ ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ UAE နိုင်ငံပိုင် သတင်းအေဂျင်စီ WAM က သတင်းထုတ်ပြန် ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပြီးခေတ် အုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေ ချိန်မှာ အစ္စရေးက နယ်မြေအနှံ့ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။