ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၄၀,၀၀၅ ယောက် သေဆုံး ပြီး ၉၂,၄၀၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်က ပြောပါ တယ်။

နောက်ဆုံး ၂၄ နာရီအတွင်း ပါလက်စတိုင်း စုစုပေါင်း အယောက် ၄၀ သေဆုံးပြီး ၁၀၇ ယောက် ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ကို ကုသပေးရတာ ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစနစ်တွေရဲ့ စွမ်းဆောင်နိုင် ရည်ထက် ကျော်လွန်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ပါလက်စတိုင်းကျန်းမာရေးစနစ်ဟာ ဆေးဝါးနဲ့ ဆေးဘက်ထောက်ပံ့ရေး ပစ္စည်းတွေ ပြတ်လပ်မှု၊ ဆရာဝန်တွေ ပင်ပန်းနွမ်းနယ်နေမှု၊ခွဲစိတ်ခန်းမလုံလောက်မှုနဲ့ ထိခိုက်သူအရေအတွက် အများအပြားကို ကိုင်တွယ်ဖို့ လိုအပ်တဲ့ စက်ကိရိယာနဲ့ စွမ်းရည်တွေချို့တဲ့မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ်ကို ကာတာမြို့တော် ဒိုဟာမှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက စတင်ကျင်းပနေပြီး အစ္စရေး၊ အမေရိကန်နဲ့ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ တွေနဲ့ ကာတာဝန်ကြီးချုပ်တို့ ဆွေးနွေးပွဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

ပါလက်စတိုင်း နယ်မြေအတွင်း ၁၀ လ ကြာလာတဲ့ တိုက်ပွဲတွေ အဆုံးသတ်ပြီး အစ္စရေးနဲ့ တခြား ဓားစာခံ ၁၁၅ ယောက်ကို နေအိမ်ပြန်နိုင်ဖို့ ကြိုးပမ်းတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

ဇူလိုင် ၃၁ ရက်က တီဟီရန်မှာ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံခံရပြီးနောက် အစ္စရေးကို လက်တုံ့ပြန်ဖို့ အီရန်က ကတိပြုထားချိန်မှာ ဂါဇာအပစ်ရပ်ဖို့ ဆွေးနွေးနေတာ လည်း ဖြစ်ပါတယ်။