ကလေးငယ်ပေါင်း ၆၄၀,၀၀၀ ကျော်ကို ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးနှံမယ့် စက်တင်ဘာ ၁ ရက် လှုပ်ရှားမှု မတိုင်ခင် ဂါဇာကို ကာကွယ်ဆေး ၁ ဒသမ ၂ သန်းလောက် ပေးပို့ထားပြီးပြီလို့ WHO ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေအတွက် နောက်ထပ် ဆေး ၄၀၀၀၀၀ လောက် ရောက် ရှိလာတယ်လို့ WHO ကိုယ်စားလှယ် ရစ်ပီးပါခွန်က ပြောပါတယ်။
ဂါဇာကမ်းမြောင်က ကျန်းမာရေး အာဏာပိုင် တွေဟာ အခုလအစောပိုင်းက ဒေသတွင်းမှာ ၂၅ နှစ်အတွင်း ပထမဆုံး ပိုလီယိုရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ပါတယ်။

အသက်တစ်နှစ်နီးပါးရွယ် ပါလက်စတိုင်းကလေးငယ်မှာ ပိုလီယိုကူးစက်မှုနဲ့ နောက်ဆက်တွဲ တစ်စိတ်တစ်ပိုင်း လေဖြတ်တာတို့ကြောင့် ဂါဇာတစ်ဝန်း ကလေးတွေကို အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံဖို့ စီမံချက်တွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ သုံးခုမှာ တိုက်ပွဲတွေ သုံးရက်ကြာ ခေတ္တရပ်ထားဖို့နဲ့ ကာကွယ်ဆေးတွေကို စီမံဖို့အတွက် ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို ခွင့်ပြုဖို့ အစ္စရေးနဲ့ ဟားမာ့စ်တို့ သဘောတူညီခဲ့ကြပါတယ်။