AI ချစ်ပ်ပြားတွေ တင်ပို့ခွင့်ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ပတ်သက်ပြီး နောက်ထပ် စည်းမျဉ်းသစ်တွေ ထုတ်ပြန်တာကနေ ရှောင်ကြဉ်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို နည်းပညာကုမ္ပဏီတွေက တိုက်တွန်း ပြော ကြားထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

AI ချစ်ပ်ပြားတွေ တစ်ကမ္ဘာလုံးကို လွတ်လပ် စွာ တင်ပို့နိုင်ဖို့အတွက် ကန့်သတ်ချက်တွေ မထုတ်ပြန်ဖို့အတွက် တိုက်တွန်းထားတာဖြစ်ပါတယ်။ နည်းပညာ ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ Amazon၊ Microsoft နဲ့ Meta တို့လို ကုမ္ပဏီတွေကလည်း မကြာမီ ထွက်ရှိလာနိုင်တဲ့ ချစ်ပ်ပြား တင်ပို့ခြင်းဆိုင်ရာ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အခုလို တိုက်တွန်းထားကြတာပါ။

ဂျိုးဘိုင်ဒန်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ AI ချစ်ပ်ပြားတွေ တင်ပို့ခွင့်ဆိုင်ရာစည်းမျဉ်းတွေ ထွက်ပေါ်လာနိုင် တာနဲ့ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်ပေးဖို့အတွက် အခုလို တိုက်တွန်းပြောကြားထားတာ ဖြစ်ပါတယ်။