ဂါဇာက ခန်းယွန်းနစ္စမြို့မှာ အစ္စရေးတင့်ကားတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ပါလက် စတိုင်း ၃၇ ယောက် သေဆုံးပြီးနောက် ဇူလိုင် ၂၂ ရက်က နက်ဆာဆေးရုံရဲ့
ကွင်းပြင်မှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဒေသတွေမှာ တိုက်ခိုက်မှုအသစ်တွေ တဖန်ပြုလုပ်နေလို့ ရပ်ကွက်တချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးက အမိန့်အသစ်ထုတ်ပြန်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့
တာပါ။

ဘာနီဆူ လိုင်လာမြို့နဲ့ ခန်းယွန်းနစ္စအရှေ့ဘက်မှာ တင့်ကားတွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအများအပြား အပါအဝင် ပါလက်စတိုင်းတွေ သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ထုတ်ပြန်တဲ့ သေဆုံးစာရင်းမှာ စစ်သွေးကြွတွေနဲ့ အရပ်သားတွေကိုတော့ ခွဲခြားဖော်ပြမထားပါဘူး။

အစ္စရေး ပစ်မှတ်ထားတဲ့ နေရာတွေမှာ လူလေးသိန်းလောက် နေထိုင်နေပြီး တိုက်ခိုက်မှုမစတင်ခင် ထွက်ခွာဖို့ အချိန်မရခဲ့ဘူးလို့ ပါလက် စတိုင်းတွေက ပြောပါတယ်။

ခန်းယွန်းနစ္စအရှေ့ဘက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးက ချက်ချင်း မှတ်ချက် ပေးတာမျိုး မရှိသေးပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်ရဲ့ နယ်စပ်ဖြတ်ကျော် သောင်းကျန်းမှု ကြောင့် အစ္စရေးမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဟားမာ့စ်အဖွဲ့ကို ချေမှုန်းပစ်ဖို့ ကတိပြုပြီး လက်တုံ့ပြန်တဲ့ အစ္စရေးထိုးစစ်ကြောင့် ဇူလိုင် ၂၂ ရက်အထိ အနည်းဆုံး ပါလက်စတိုင်း ၃၉,၀၀၆ ယောက်အထိ သေဆုံးခဲ့ရပြီလို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။