ဗြိတိန်က ကွယ်လွန်သူဘီလီယံနာ မိုဟာမက် အဲလ်ဖာယက်ရဲ့လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကူညီသူ ဒါမှမဟုတ် ခွင့်ပြုပေးခဲ့သူလို့ ယုံကြည်ရတဲ့ လူငါးယောက်ထက်မနည်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲလ်ဖာယက်ရဲ့ ရက်စက်တဲ့အပြုအမူ အတိုင်းအတာကို ဖော်ပြတဲ့ ဘီဘီစီ မှတ်တမ်းရုပ်ရှင်တစ်ခု ထုတ်လွှင့်ခဲ့ပြီးနောက် နစ်နာကြောင်း စွပ်စွဲသူအသစ် ၉၀ လောက် ပေါ်ထွက်လာပါတယ်။
၁၉၇၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အသက်အငယ်ဆုံး ကျူးလွန်ခံရသူ အသက် ၁၃ နှစ်ရွယ် အပါအဝင် နစ်နာသူတွေအတွက် စုံစမ်းစစ်ဆေးမှုအသစ် ပြုလုပ်သွားမှာပါ။ အဲလ်ဖာယက်ကတော့ ရာဇ၀တ်ကြောင်းဆိုင်ရာ စွဲချက်တင်မခံရဘဲ အသက် ၉၄ နှစ်အရွယ်မှာ မနှစ်က သေဆုံးသွားခဲ့ပါတယ်။ သံသယရှိသူတွေဟာ အဲလ်ဖာယက် ရဲ့ စော်ကားမှုကို လွယ်ကူစေဖို ဒါမှမဟုတ် ပံ့ပိုးပေးဖို့ ဘယ်အခန်းက ပါခဲ့သလဲ၊ နစ်နာသူတွေကို ကာကွယ်ပေးဖို့ အခွင့်အလမ်း မရှိဘူးလားဆိုတာကို စုံစမ်းသွားမယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အဲလ်ဖာယက်ဟာ Harrods ကုန်တိုက်ကြီးကို ၁၉၈၅ ကနေ ၂၀၁၀ ပြည့်နှစ်အထိ ပိုင်ဆိုင်ခဲ့ပါ တယ်။ အဲလ်ဖာယက်ဟာ Harrods ဝန်ထမ်းတွေအပြင် ပဲရစ်က ရစ်ဇ်ဟိုတယ်နဲ့ ဖူလ်ဟမ် ဘောလုံးအသင်း အပါ အဝင် သူပိုင်ဆိုင်တဲ့ တခြားစီးပွားရေးလုပ်ငန်းတွေက အမျိုးသမီးတွေကိုလည်း စော်ကားခဲ့တယ်လို့ စွပ်စွဲခံထား ရပါတယ်။