ပြီးခဲ့တဲ့ လက လုပ်ကြံသတ်ဖြတ်မှုတစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က မြောက်ကာရိုလိုင်း နားပြည်နယ် မဲဆွယ်ပွဲတစ်ခုမှာတော့ ကျည်ကာမှန်တွေ ပတ်လည်လည် တပ်ဆင်ထားတဲ့ စင်မြင့်ထက်ကနေ စကားပြောခဲ့တာကို တွေ့ရပါတယ်။

အဲဒီ မဲဆွယ်ပွဲမှာ ထရမ့်က ဘိုင်ဒန်အစိုးရဟာ အလုပ်အကိုင်စာရင်းဇယားကို လိုသလို ချဲ့ကားပြောဆိုခဲ့ပြီး တကယ့်စာရင်းမှာမရှိတဲ့ အလုပ်အကိုင်ပေါင်း ၈ သိန်းလောက်ကို လိမ်လည် ဖြည့်သွင်း ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်လျှို့ဝှက်စုံစမ်းရေးဌာန(SS)က ဇူလိုင်လ လုပ်ကြံသတ်ဖြတ် ဖို့ အားထုတ်မှုဖြစ်စဉ်ကြောင့် ထရမ့်ရဲ့ လဟာပြင် မဲဆွယ်ပွဲအတွက် အစီအစဉ်သစ်တစ်ရပ်ကို အတည်ပြုခဲ့တယ် လို့ ဩဂုတ်လ(၁၅)ရက်နေ့က ဝါရှင်တန်ပို့စ် သတင်းစာကြီးက ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန် သမ္မတ ဟောင်းဖြစ်တဲ့ ထရမ့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဘတ္တလာမဲဆွယ်ပွဲမှာ ဟောပြောနေချိန် သေနတ်သမားရဲ့ လုပ်ကြံပစ်ခတ်မှုကနေ သီသီကလေး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။