တရုတ်နိုင်ငံက ကျင်းဟိုင်ပြည်နယ် ကျင်းဟိုင် ဆားရေကန်က ငါးကြင်းတွေဟာ သားပေါက်ဖို့အတွက် ရေစီး ကြောင်းကို ဆန်တက်ကူးခတ်ခဲ့ကြတဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို စီစီတီဗီ ရုပ်သံဌာနက ထုတ်ပြန်တဲ့ ဗီဒီယို မြင်ကွင်းမှာ အခုလို တွေ့ရပါတယ်။

တရုတ်ပြည်မှာ ဟွန်ကျူးလို့လည်း ခေါ်ကြတဲ့ အကြေးခွံမရှိတဲ့ ငါးကြင်းငါး တွေဟာ ကျင်းဟိုင် ဆားရေကန်ကနေ ကွန်ဂျီးမြစ်နဲ့ ရှလျိုမြစ်တွေဆီ ရွှေ့ပြောင်းနေချိန်ဖြစ်တာမလို့ အခုလို ရေဆန်ကို တက်ပြီး သားပေါက်မဲ့နေရာကို ကူးခတ်နေကြတာပါ။

အကြေးခွံမပါတဲ့ အဲဒီ ငါးကြင်းငါးတွေဟာ ရွှေ့ပြောင်းပျံသန်းသွားလာတဲ့ ငှက်တွေအတွက် အဓိက အစာရင်းမြစ်သလို အဲဒီငှက်တွေရဲ့ စွန့်ထုတ် အညစ် အကြေးတွေကလည်း ကျင်းဟိုင် ရေကန်တွင်းက ငါးကြင်းငါးတွေရဲ့ အစာဖြစ်တဲ့ ရေညှိပင်တွေကိုလည်း အားကောင်း ပွားများစေပါတယ်။