မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကိုရီးယားစစ် စတင်ခြင်း (၇၄)ပြည့် အထိမ်းအမှတ် အဖြစ် လူထုချီတက်ပွဲတစ်ခုကို ကျင်းပနေပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် (KCNA)က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ မိန့်ခွန်းနားထောင်နေတဲ့ လူထုပရိသတ် ၊ ဗီဒီယိုပြကွက်တွေ ကြည့်ရှုနေတဲ့ လူထု ပရိသတ်တွေကို တွေ့ရပါတယ်။
အမေရိကန်ကို ဆန့်ကျင်တဲ့ အလံတွေ ၊ ပိုစတာတွေကိုလည်း အဲဒီမြင်ကွင်းတွေမှာ တွေ့ရပါတယ်။
အဲဒီလူထုချီတက်ပွဲ အခမ်းအနားမှာ အစိုးရအရာရှိ၊ ဝန်ထမ်းနဲ့ ကျောင်းသား ပေါင်း တစ်သိန်းလောက် တက်ရောက်ခဲ့ကြတယ်လို့ KCNA က ဖော်ပြထားပြီး အဲဒီ ကိုရီးယား စစ်စတင်တဲ့နေ့ကို လည်း အမေရိကန် နယ်ချဲ့ဝါဒအပေါ် ဆန့်ကျင်တဲ့နေ့အဖြစ် ၊ အမေရိကန်နိုင်ငံကိုလည်း မဟာရန်သူတော်အဖြစ် သုံးနှုန်း ဖော်ပြ ထားတာကို တွေ့ရပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀-၅၃ စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ်နဲ့ မဟုတ်ဘဲ ယာယီစစ်ပြေငြိမ်းရေးစာချုပ်နဲ့ ရပ်ဆိုင်းခဲ့တဲ့အတွက် ဥပဒေနည်းနာပိုင်းအရ နှစ်နိုင်ငံစလုံးဟာ စစ်မက်ရင်ဆိုင်နေဆဲ အခြေအနေမှာ ရှိနေကြဆဲဖြစ်ပါတယ်။