တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းကို သမ္မတ ယွန်းဆော့ယိုးလ်ရဲ့ မာရှယ်လော ထုတ်ပြန်မှုနဲ့ ဆက်စပ်ပြီး ပုန်ကန်မှုနဲ့ ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။

သမ္မတယွန်းဟာ လွန်ခဲ့တဲ့ တစ်ပတ်က အရပ်ဘက်အုပ်ချုပ်မှုကို ရပ်ဆိုင်းပြီး အထူးတပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်နဲ့ ပါလီမန်အဆောက်အဦဆီ စေလွှတ်ခဲ့ပါတယ်။ ဥပဒေပြုအမတ်တွေက အဲဒီမာရှယ်လောကို ပြန်ရုပ်သိမ်းဖို့ ဖိအားပေးဆန့်ကျင်ခဲ့တဲ့ နောက်မှာတော့ သမ္မတယွန်းဟာ မာရှယ်လောကို ပြန်လည်ရုပ်သိမ်းခဲ့ရတာပါ။

ကာကွယ်ရေး ဝန်ကြီးဟောင်း ကင်ယုန်ဟွန်းကို ဖမ်းဆီးဖို့ ဖမ်း၀ရမ်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် တနင်္ဂနွေနေ့ကတည်းက ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေထဲမှာ ပုန်ကန်မှုအတွင်း အရေးကြီးတဲ့ အပိုင်းတွေ မှာ တာဝန်ယူခဲ့မှုနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ပိတ်ဆို့တားဆီးဖို့အတွက် အာဏာအလွဲသုံးစားလုပ်ခဲ့မှုတို့ ပါဝင် ပါတယ်။

ကင်ကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က မာရှယ်လော ထုတ်ပြန်မှုမှာ သူတစ်ယောက်တည်းမှာပဲ တာဝန်အရှိ ဆုံးလို့ ဝန်ခံပြောဆိုထားပါတယ်။ ဒီအတွက် အဲဒီမာရှယ်လော ထုတ်ပြန်မှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး သက်သေအထောက်အထားတွေ လက်စဖျောက်ခံရမဲ့အရေး စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထုတ်ပြန်ခဲ့တာလို့ ဆိုးလ်မြို့ တော် ခရိုင်တရားရုံးရဲ့ ပြောခွင့်ရသူက AFP ကို ပြောပါတယ်။