ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့ဟာ အပူလှိုင်းနဲ့ စောစီးစွာ ကြုံတွေ့နေရပြီး ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေ က အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ပူပြင်းတဲ့ အပူချိန်ကျရောက်နေပေမယ့် လည်း ကိုဆိုဗိုက ဆောက်လုပ်ရေးလုပ်သားတွေဟာ နေပူထဲမှာ တစ်နေ့လုံး အလုပ်လုပ်နေကြရပါတယ်။
ခဏခဏနားပြီး ရေများများသောက်ဖို့ ကြိုးစားရတယ်လို့ မြို့တော် ပရစ္စတီနာက ဆယ်ထပ်အဆောက်အအုံ ဆောက်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။

အယ်လ်ဘေးနီးယားမှာလည်း ကီလိုမီတာ ၄၇၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတန်းမှာ အေဒရီတစ်နဲ့ အိုင်အီုနီယန် ပင်လယ်ပြင် လေတွေနဲ့ လူတွေ အအေးခံနေ တာကို မြင်တွေ့ရပါတယ်။ ဇွန်လပဲရှိသေးချိန်မှာ အတော်ပူနေလို့ ဇူလိုင်လနဲ့ ဩဂုတ်လကို ရောက်ရင် ဘယ်လို ဖြစ်မလဲဆိုတာ မတွေးချင်ဘူးလို့ ဒါရီးစ်မြို့ခံတစ်ယောက်က ပြောပါတယ်။
အခုသီတင်းပတ်ရဲ့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိလာနိုင်တဲ့အတွက် ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယား အာဏာပိုင်တွေက နိုင်ငံသားတွေကို သတိထားဖို့ တိုက်တွန်းထားပါတယ်။ နှစ်နိုင်ငံလုံးမှာ ရက်သတ္တပတ်များစွာ မိုးသည်းထန် ရွာသွန်းပြီးနောက် အပူလှိုင်းတက်လာတာဖြစ်တယ်လို့ သိရပါတယ်။