ကာတာလေကြောင်းလိုင်းဟာ တောင်အာဖရိကအခြေစိုက် ဒေသတွင်းလေကြောင်းလိုင်း Airlink ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရယူတော့မှာ ဖြစ်ပါတယ်။

အာဖရိကတစ်ဝန်းက ဝန်ဆောင်မှုတွေနဲ့ ခရီးသည်အရေအတွက် မြှင့်တင် ဖို့ ကြိုးပမ်းနေတယ်လို့ ကာတာလေကြောင်း စီအီးအို မိုဟာမက် အလီ မီအာက သြဂုတ် ၂၀ ရက်မှာ ပြောဆိုခဲ့ပါ တယ်။
ဒိုဟာမြို့မှာ Airlink စီအီးအို ဖော်စတာနဲ့အတူရှိနေစဉ် ပြောဆိုခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုက အာဖရိက မြို့ကြီးတွေမှာ ကာတာလေကြောင်းရဲ့ ခရီးသည်တွေ စီးနင်းနိုင်မှု မြှင့်တင်ပေးမယ်လို့ ဆိုပါတယ်။

ဖော်စတာ ကလည်း ပုဂ္ဂလိကပိုင် Airlink ကို အာဖရိကမှာ တိုးချဲ့စေမှာ ဖြစ်ပြီး အာဖရိကကိုတော့ ကျော်လွန်ချဲ့ထွင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လက်ရှိမှာ Airlink ဟာ အာဖရိက ၁၅ နိုင်ငံကို ခရီးစဉ် ၄၅ ခု ပျံသန်းနေပါတယ်။
ကာတာလေကြောင်းနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဒူဘိုင်းက နိုင်ငံပိုင် အမ်းမရိတ်လေကြောင်းနဲ့လည်း Airlink က
အလားတူ သဘောတူညီချက်တစ်ခု ရရှိထားပါတယ်။
နိုင်ငံပိုင် ကာတာလေကြောင်းဟာ ဗြိတိသျှလေကြောင်းပိုင် လာတမ်လေကြောင်းလိုင်း၊ ကက်ဟေးပစိဖိတ်လေကြောင်းနဲ့ တရုတ်တောင်ပိုင်းလေကြောင်းလိုင်းတွေမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။
ရဝမ်ဒါလေကြောင်းရဲ့ အနည်းစုရှယ်ယာကို ရယူဖို့လည်း သဘောတူထား တယ်လို့ သိရပါတယ်။