ကာတာလိုနီးယား ခွဲထွက်ရေးခေါင်းဆောင် ကားလ်စ် ပုဂျ်ဒီမွန့်ဟာ သြဂုတ်လ (၈)ရက်က စပိန်နိုင်ငံ ဘာစီလိုနာ မြို့ရဲ့ လူထုစုဝေးပွဲတစ်ခုမှာ ပါဝင်လာပြီးနောက် ပျောက်ကွယ်သွားကာ ရဲတပ်ဖွဲ့က သူ့ကို လိုက်လံရှာဖွေနေပါတယ်။
ပြည်ပြေးဖြစ်ပြီး အလိုရှိကြောင်း ဝါးရမ်းအထုတ်ခံရထားရတဲ့ ပုဂျ်ဒီမွန့်ဟာ ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာ ချထားတဲ့ကြားက ကာတလန်ပြည်နယ်မြို့တော်က ထောင်နဲ့ချီတဲ့ နောက်လိုက်လူအုပ်ကို ကာတလန်ပါလီမန် အနီး ပလက်ဖောင်းစင်မြင့်တစ်ခုကနေ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ် စပိန်နိုင်ငံရေးအကျပ်အတည်း ကျရောက်စေခဲ့တဲ့ ကာတလန်လွတ်လပ်ရေး ကြိုးပမ်းမှုကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားတယ်လို့ သူကပြောဆိုခဲ့ပါတယ်။

စပိန်ရဲတွေအနေနဲ့ သူ့ကိုဖမ်းမိရင် ဂုဏ်ပြုခံရမယ်လို့ထင်ပြီး ပြစ်ဒဏ်ခတ်လိုက်ရင် လွတ်လပ် ရေး မတောင်းဖို့ တားနိုင်မယ်ထင်ကြတာဟာ မှားတယ်လို့ ပုဂျ်ဒီမွန့်က ပြောပါတယ်။
စကားပြောပြီးချိန်မှာ ပုဂျ်ဒီမွန့်ဟာ စင်နောက်ကိုဝင် ပျောက်ကွယ်သွားပြီး ရဲတွေနဲ့ မီဒီယာတွေ ရောက်သွားချိန်မှာ သူ့ကို ရှာမတွေ့တော့ ဘူးလို့ သိရပါတယ်။
ရဲတွေက လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ပြီး ကာတာလိုနီးယားခွဲထွက်ရေးခေါင်းဆောင်ကို ဆက်လက် ရှာဖွေခဲ့ကြပါတယ်။