ဂျပန်နိုင်ငံဟာ လာမယ့် ၅ နှစ်အတွင်းမှာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံအထိ မြှင်တင်ဖို့ စီစဉ်နေကြောင်း NBC သတင်းမှာ ရေးသားထားပါတယ်။

အဲဒီကာကွယ်ရေး အသုံးစရိတ်ကနေ GDP နှစ်ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်မှန်းထားပြီး လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလအစောပိုင်းမှာ အခွန် တိုးမြှင့်ပြီး ဘဏ္ဍာငွေထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ စစ်ရေး စွမ်းရည် မြှင့်တင်ဖို့ ကြိုပမ်းနေချိန်မှာ အခုလို ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်နိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံအထိ တိုးမြှင့်တာက စစ်ရေးစွမ်းရည် မြှင့်တင်ဖို့အပြင် အမေရိကန်နဲ့ ဂျပန် မဟာမိတ် ပိုမို အားကောင်းစေဖို့ ရည်ရွယ်ထားပြီး နိုင်ငံတော် ကြွေးမြီဖောင်းပွလာမှုကို ထိန်းချုပ်ဖို့အတွက်လည်း ရည်မှန်းထားတာဖြစ်ပါတယ်။ လက်ရှိမှာ အခွန်တိုးမြှင့်မှု အသေးစိတ်အချက်အလက်တွေကို အပြီးသတ် ရေးဆွဲ နေပြီဖြစ်ပေမယ့် ကနဦးစီမံချက်ကို လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလမှာမှ စတင်ဆောင်ရွက်မှာပါ။ ဝင်ငွေနဲ့ ဆက်စပ် တဲ့ အခွန်အသစ်ကိုတော့ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှသာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။