ပါကစ္စတန်နိုင်ငံ ကရာချိမြို့ လေဆိပ်အနီးမှာ တင်္ဂနွေနေ့ကကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ(၂)ယောက်သေဆုံးပြီး အနည်းဆုံး(၈)ယောက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုဟာ လေဆိပ်အပြင်ဘက်က လှောင်ကန်တစ်ခုပေါက်ကွဲမှုဖြစ်ပြီး အဲဒီလှောင်ကန်ဟာ ပါကစ္စတန်မှာအကြီးဆုံးလှောင်ကန်တစ်ခုလို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ နိုင်ငံခြားသားတွေကိုပစ်မှထ်ထားတဲ့ တိုက်ခိုက်မှုလို့ဒေသအာဏာပိုင်တွေဘက်ကပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က အေပီသတင်းဌာနကို ပြောကြားရာမှာတော့ အဲဒီတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားတဲ့တိုက်ခိုက်မှုဖြစ်ပြီး အဲဒီဒဏ်ရာရသူတွေထဲမှာ တရုတ်နိုင်ငံသားတစ်ယောက်လည်းပါဝင်တယ်လို့ပြောပါတယ်။
တရုတ်အလုပ်သမားထောင်ပေါင်းများစွာဟာ ပါကစ္စတန်မှာအလုပ်လုပ်နေကြပြီး အများစုဟာ တရုတ်ရဲ့ဒေါ်လာဘီလီယံများစွာတန်တဲ့ ပိုးလမ်းမစီမံကိန်းလုပ်ငန်းခွင်နေရာတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။