ကယ်လီဖိုးနီးယားပြည်နယ် ဘတ်တီမီးဒိုးစ်ဒေသအနီး အဝေးပြေးလမ်းမကြီးအမှတ် ၃၂ တစ်လျှောက် ဇူလိုင် ၂၆ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမြောက်ပိုင်းက လူထောင်ပေါင်းများစွာကို ညတွင်းချင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပစိဖိတ်အနောက်မြောက်ပိုင်းနဲ့ ကနေဒါတို့မှာ ရာနဲ့ချီတဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ဒေသတွင်း နေရာအနှံ့အပြားကို မီးခိုးတွေ ရောက်ရှိစေတယ်လို့ မီးသတ်အရာရှိတွေနဲ့ မိုးလေဝသဌာနက ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဘတ်တီကောင်တီက သဘာဝဥယျာဉ်မှာ တောမီးဟာ သြဂုတ် ၂၄ ရက်က ဧက ၁၄၀၀ လောင်ကျွမ်းနေရာကနေ ဧက ၄၅,၅၀၀ လောက်အထိ ညလုံးပေါက် ကျယ်ပြန့်လာခဲ့တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဘတ်တီကောင်တီနဲ့ ချီကိုမြို့က လူပေါင်း ၄၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။