အမြန်လမ်း၌ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂)အနီးမှာ ဩဂုတ်လ (၂၈)ရက် မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကနေသိရပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ (၆)ဘီး ကုန်တင်ယာဉ်တစ်စီးကို လားရာတူနောက်မှ မောင်းနှင်လာတဲ့ (၆)ဘီးကုန်တင်ယာဉ်တစ်စီးက...