ပြည်သူ့ဆေးရုံတွေမှာ လူနာတွေကို တတ်နိုင်သမျှ ကုန်ကျစရိတ် မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်း စေရေး အတွက် စီစဉ်ဆောင်ရွက်နေတယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်၊၊ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို မြန်မာကွန်ဗင်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆရာဝန် (သစ်လွင်) တွေ နဲ့ သွား နဲ့ ခံတွင်းဆရာဝန် (သစ်လွင်) တွေကို ခန့်အပ်လွှာ ပေးအပ်ပွဲမှာ ပြောကြားခဲ့တာပါ။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ရောဂါမဖြစ်ပွားစေရေး ကြိုတင် ကာကွယ် ရေးလုပ်ငန်းတွေ ရောဂါ ဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးကုသမှု ပေးနိုင်ရေး လုပ်ငန်း တွေကို မိမိတိုနိုင်ငံရဲ့ အရင်းအမြစ်တွေအပေါ် မူတည်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် မူဝါဒတွေနဲ့ စီမံချက် တွေကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်၊၊သစ်လွင် ဆရာဝန်တွေအနေနဲ့ မိမိတို တာဝန်ကျရာ ဆေးရုံတွေမှာ စတင်ထမ်းဆောင်ကြတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာအားရ ဖြစ်ရပါကြောင်း နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြဖို တိုက်တွန်း ပြောကြားပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရေး နဲ့ မျှော်မှန်းသက်တမ်း မြင့်မားလာစေရေး အတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်တွေကို လုံလုံလောက်လောက် လေ့ကျင့်မွေးထုတ်ပြီး တာဝန်ပေးဖို အရေးကြီးတယ်လိုလည်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်၊၊