ငလျင်ကြီးဒဏ်သင့်စစ်ကိုင်းမြို့မှာ ယာယီဆေးရုံဖွင့်လှစ်ပြီး ဒေသခံတွေကို ကုသပေးနေတဲ့ မလေးရှားဆေးအဖွဲ့ရဲ့ ကုသမှုဟာ မေလ၂၈ ရက်က ပြီးဆုံးသွားပြီဖြစ်ပြီး မေလ ၃၀ ရက်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့ မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။မလေးရှားတပ်မတော်နဲ့ အရပ်ဘက်က ဆေးပညာရှင်တွေ ပါဝင်တဲ့ ဆေးအဖွဲ့ဟာ ဧပြီ ၂၁ ရက်ကနေ မေလ ၂၈ ရက်အထိ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်မှာရှိတဲ့ နှစ် ၇၀၀ ပြည့်အထိမ်းအမှတ်အားကစားကွင်းမှာ ယာယီဆေးရုံ ဖွင့်လှစ်ပြီး အခမဲ့ဆေးဝါးကုသပေးခဲ့တာပါ။

အဲဒီလို ကုသပေးခဲ့ရာမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြင်ပလူနာစုစုပေါင်း ၃၆၄၃ ယောက်ကို ကုသပေးခဲ့ပြီး လူနာ ၃၀၅ ယောက်ကို အသေးစားခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မဲ့ မလေးရှားဆေးအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က မေလ၂၈ ရက်မှာ ဂုဏ်ပြုနေ့လယ်စာနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။