ငလျင်ဒဏ်သင့် ခံထားရတဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ရထားသံလမ်းဘေးရှိ မြဝတီ သီလရှင် စာသင်တိုက် ဗိမာန်တော်ကြီးဟာ ဇူလိုင်(၁၇)ရက်၊ ညနေပိုင်းက ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သီရိမာလာ အရှေ့ အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။အခုလို ပြိုကျမှုဖြစ်ပွားတဲ့ နေရာကို သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေး လုပ် ငန်းတွေ ဆောင်ရွက်ဖို့ သွားရောက်ခဲ့ကြပါတယ်။

ငလျင်ဒဏ်ထိထားတဲ့ ဗိမာန်ကြီးရဲ့ အောက်တစ်ဆင့်ကို ဖြိုဖျက်ရာကနေ အကုန်လုံး အပေါ်ကနေ ပြိုကျသွားတာ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ နယ်မြေခံ မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ငလျင်ဒဏ်သင့် ဗိမာန်အဆောက်အဦကြီး ပြိုကျမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့လည်း သီရိမာလာအရှေ့အရန်မီး သတ်တပ်ဖွဲ့ကနေ သိရပါတယ်။