ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းလမ်းရှိ ပန်းလှိုင်အိမ်ရာမှာ ဩဂုတ် ၁၁ ရက် မနက် ၇ နာရီအချိန်က အမျိုးသားတစ်ယောက် ခုနစ်လွှာတိုက်ခန်းကနေ ပြုတ်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲဒီအမျိုးသားဟာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမဲ့ အသက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ အားမာန် လူငယ် ပရဟိတအသင်း တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်၊၊

အဲဒီခုနစ်လွှာတိုက်ခန်းကနေ ပြုတ်ကျတဲ့အမျိုးသားဟာ အသက်ရှင်နေသေးပြီး ပြုတ်ကျတဲ့ဒဏ်ရာကြောင့် ဦးခေါင်းကွဲတာနဲ့ ခြေထောက်ကျိုးတဲ့ ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီပြုတ်ကျတဲ့အမျိုးသားဟာ အသက်(၃၅)နှစ်အရွယ်ရှိပြီး ခုနစ်လွှာရှိ တိုက်ခန်းတစ်ခန်းကနေ ဘယ်လိုပြုတ်ကျ တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ သူ့ကို အားမာန်လူငယ် ပရဟိတအသင်း(ရန်ကုန်)က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊