ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦမှာ ရှာဖွေကယ်ဆယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ နေ့ဆိုင်း၊ ညဆိုင်းတွေခွဲပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

Sky Villa အဆောက်အဦး ပြိုကျခဲ့တဲ့ ပထမရက်ပိုင်းတွေမှာတော့ ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းတွေကို နေ့၊ ည အဆိုင်းမခွဲဘဲ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။Sky Villa အဆောက်အဦအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ ဧပြီလ ၄ ရက် ညနေ ၆ နာရီအထိ အသက်ရှင် ကျန်ရစ်သူ ၅၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံး သူ ၅၁ ရောက်ကို သယ်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ စာရင်းတွေအရ အဆောက်အဦထဲ ပိတ်နေသူ ၂၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ပြိုကျပျက်စီးသွားတဲ့ Sky Villa မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။