ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက (၅၇)နှစ်ပြည့် အာဆီယံထူထောင်ခြင်းအထိမ်းအမှတ်အဖြစ် (၂၀၀)ကျပ်တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ဩဂုတ်လ(၈)ရက်နေ့မှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ်လ(၈)ရက်နေ့ မနက်(၉)နာရီခွဲအချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်းရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းကနေသိရပါတယ်။

ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ ဩဂုတ်လ(၈)ရက်မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။