“Peacock Pansy” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ကို ရောင်းချပေးသွားမယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းကနေသိရပါတယ်။ မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားတဲ့ “Peacock Pansy” လိပ်ပြာပုံ (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ကို ဇူလိုင် ၃၁ ရက်၊ မနက် ၉ နာရီခွဲအချိန်ကစတင်ပြီး ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းချပေးမယ့်နေရာတွေကတော့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်းရောင်းချပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတွေမှာ ဇူလိုင် ၃၁ ရက်မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။