မန္တလေးမြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်အတွင်းကထွက်ရှိတဲ့ အမှိုက်တွေကို လောင်စာစွမ်းအင်ထုတ်လုပ်ဖို့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနက ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွန်းကပြောပါတယ်။

စွန့်ပစ်အမှိုက်တွေကနေ လျှပ်စစ်စွမ်းအင်ထုတ်ဖို့အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားပြီး လာမယ့်ဒီဇင်ဘာလမှာ ဒုတိယအကြိမ် လက်တွေ့ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်ဖို့ ရှိတယ်လို့ဆိုပါတယ်။
မန္တလေးမှာ စွန့်ပစ်အမှိုက်တွေကနေ လျှပ်စစ်ထုတ်မယ့်နည်းလမ်းကတော့ အမှိုက်တွေရဲ့အပေါ်ကနေ မြေဖို့ထားပြီး ထွက်လာတဲ့ မီသိန်းဓာတ်ငွေ့ကနေတစ်ဆင့် လျှပ်စစ်ထုတ်မယ့် နည်းလမ်းဖြစ်တယ်လို့ ဦးသန်းဇော်ထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
လက်ရှိမှာတော့ မန္တလေးမြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှာ တစ်ရက်ကို အမှိုက်တန်ချိန် ၁၃၀၀ ကနေ ၁၄၀၀ အထိ ထွက်ရှိနေတယ်လို့ သိရပါတယ်။