အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန် ရိက္ခာအစီအစဉ်အရ ကိုရီးယားနဲ့တရုတ်နိုင်ငံတွေက လှူဒါန်းတဲ့ ဆန် (၁၅၇၅)တန်ကို ဇွန် ၁၁ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဆန်လွှဲပြောင်းပေးအပ်ပွဲကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ထိုင်းနိုင်ငံ APTERR အတွင်း ရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနဲ့ ကိုရီးယားနိုင်ငံသံရုံးတွေက ကိုယ်စား လှယ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။အခမ်းနားမှာ လှူဒါန်းတဲ့ဆန်တွေကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသူရစိုးက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးထံ လွဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူး ချုပ်၊ ကိုရီးယားနိုင်ငံနဲ့တရုတ်နိုင်ငံသံရုံးတွေက ကိုယ်စားလှယ်တွေက ငလျင်ဘေးသင့် ပြည်သူတွေထံ ဆန်အိတ် တွေ လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

အလားတူ နေပြည်တော် ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အာဆီယံအပေါင်းသုံး အရေး ပေါ် ဆန်အရန် ရိက္ခာအစီအစဉ်နဲ့ ကိုရီးယားနဲ့တရုတ်နိုင်ငံတွေက လှူဒါန်းတဲ့ ဆန်တန်ချိန်(၁၆၁၀)ကိုလည်း ဇွန် ၁၀ ရက်က နေပြည်တော်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။