ရွှေသံလွင်လုပ်ငန်းအုပ်စု Sky Net၊ Shwe Bank၊ Mo Money မိသားစုက နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြိုတွေမှာရှိတဲ့ ငလျင်ကြီးဒဏ်သင့်ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ဋပြည်သူတွေအတွက် လူဦးရေ ၂၇သိန်းကျော်စာ အာဟာရဒါနစတုဒိသာ ထမင်းနဲ့ဟင်းတွေ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

အဲဒီလိုကျွေးမွေးလှူဒါန်းရာမှာ နေပြည်တော်ရှိ ငလျင်ကြီးဒဏ်သင့်ပြည်သူတွေအတွက် မတ်လ၃၁ရက်ကနေ မေလ၃၁ရက်အထိ လူဦးရေ ၂၀၅၂၈၅၁ဦးစာ၊ မန္တလေးမြိုရှိငလျင်ကြီးဒဏ်သင့်ပြည်သူတွေအတွက် ဧပြီ၄ရက်ကနေ မေလ၄ရက်အထိ လူဦးရေ ၃၇၄၃၃၅ဦးစာ၊ စစ်ကိုင်းမြိုရှိ ငလျင်ကြီးဒဏ်သင့်ပြည်သူတွေအတွက် ဧပြီ၁၈ရက်ကနေ မေလ၃၁ရက်အထိ လူဦးရေ ၂၇၇၅၇၀ဦးစာ၊ စုစုပေါင်းလူဦးရေ ၂၇၀၄၇၅၆ဦးစာ အာဟာရဒါန စတုဒိသာ ထမင်းနဲ့ဟင်းတွေ ကျွေးမွေးလှူဒါန်းခဲ့တာပါ။

အခုလို အာဟာရဒါန စတုဒိသာထမင်းတွေ ကျွေးမွေးလှူဒါန်းခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်လိုလည်း ဒေသခံပြည်သူတွေက ပြောပါတယ်။ရွှေသံလွင်လုပ်ငန်းအုပ်စုအနေနဲ့ အခုလို သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့အခါတိုင်း အာဟာရဒါနစတုဒိသာကျွေးမွေးလှူဒါန်းတာတွေ၊ ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့လှူဒါန်းတာတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို သိရပါတယ်။