ပြည်တွင်းမှာ HIV (အိပ်ချ်အိုင်ဗွီ)နဲ့ တီဘီရောဂါ ဆေးဝါးတွေနဲ့ပတ်သက်လို့ ပြတ်လပ်မှု မရှိဘဲ ဆေးဝါး အလုံ အလောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက One News ကို ပြောပါတယ်၊၊လက်ရှိမှာတော့ USAID လို့ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေက အကူအညီတွေ ရပ်ဆိုင်း လိုက်တာကြောင့် မြန်မာနိုင်ငံမှာ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနဲ့ ငှက်ဖျား စတဲ့ ရောဂါတွေ တိုက်ဖျက်တဲ့ လုပ်ငန်း တွေမှာ ဆေးဝါးပြတ်လပ်သွားမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်၊၊

HIV ၊ တီဘီနဲ့ ငှက်ဖျားဆေးတွေကို ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေက ထောက်ပံ့ပေးတယ်ဆိုတာက ကာကွယ်ရေး အပိုင်းအတွက်ဖြစ်ပြီး ကုသရေးအပိုင်းအတွက်က နိုင်ငံတော် ဘတ်ဂျက်နဲ့ဝယ်ရတာ ဖြစ်တဲ့အတွက် လုံလောက်မှု ရှိတယ်လို့ ဒေါက်တာ သန်းနိုင်စိုးက အခုလို ပြောပါတယ်၊၊မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ နဲ့ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံးနိုင်ငံ ၃၀ မှာ အပါအ ဝင် ဖြစ်ပါတယ်။

WHO ရဲ့ Global TB Report(2023)အရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်က လူဦးရေ တစ်သိန်းမှာ တီ ဘီ လူနာသစ် ဖြစ်ပွားနှုန်း ၄၇၅ ယောက်ရှိပြီး သေဆုံးနှုန်းမှာ အယောက် ၈၀ ရှိနိုင်ကြောင်း ခန့်မှန်းထားတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ခုခံအား ကျဆင်းမှုရောဂါ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူအရေအတွက်ကလည်း ၂၀၂၃ ခုနှစ်မှာ လူတစ်သောင်းကျော် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။