တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းနဲ့ တရုတ် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ဟာ ငလျင်ဒဏ်သင့် နေပြည်တော်နဲ့ မန္တလေးတို့အတွက် တရုတ်ယွမ်ငွေ နှစ်သန်းကျော်တန်ဖိုးရှိတဲ့ ဆေးဝါးပစ္စည်းတွေကို ဧပြီ ၂၉ ရက်က သွားရောက်လှူဒါန်းပါတယ်။

နေပြည်တော်အတွက် ယွမ် ၅၃၀၀၀၀ ကျော်ဖိုးနဲ့ မန္တလေးမြို့အတွက် ယွမ် ၁၄၉၀၀၀၀ ကျော်ဖိုး ရှိတဲ့ ဆေးဝါး ပစ္စည်းတွေကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ လီဖူချွမ်က ပြောပါတယ်။ ထပ်မံပြီးလည်း လိုအပ်သလို လှူဒါန်းပေးသွား ဦးမယ်လို့ မစ္စတာလီဖူချွမ်က ပြောပါတယ်။ အခုလှူဒါန်းတဲ့ ဆေးဝါးတွေဟာ ကာကွယ်ဆေးနဲ့ ပိုးသတ်ဆေးအမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးအသင်းနဲ့ တရုတ်ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းတို့ဟာ ဧပြီ(၁)ရက်ကလည်း ယွမ်ငွေ တစ်သိန်း တန်ဖိုးရှိတဲ့ ရေသန့်နဲ့ အစားအစာတွေ ကို ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါသေးတယ်။