ကူးစက်လွယ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အိုမီခရွန်အုပ်စုကနေ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN.1 အုပ်စုနဲ့ နောက်ဆက်တွဲ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်မဲ့ Pfizer COVID-19 Vaccine JN.1 ကိုဗစ်ကာကွယ် ဆေးကို အခုမေလအတွင်း ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲဒီကာကွယ်ဆေးတွေကို GAVI Support for C 19 Vaccination အစီအစဉ်နဲ့ ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer X.B.B 1.5 ကို ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးတဲ့သူတွေအပါအဝင် စုစုပေါင်း ပြည်သူ ၂၂ သန်း ၈ သိန်းကျော်ကို ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း မေလ ၄ ရက်ကနေ ၁၇ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၀ ယောက် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း မေလ ၁၁ ရက်ကနေ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ် အတည်ပြု လူနာသစ်တစ်ယောက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။