ထိုင်းနိုင်ငံမှာ အခုနှစ် ဇန်နဝါရီလကနေ မေလ ၂၇ ရက်အထိ လက်ရှိ ကူးစက်ပျံ့နှံနေတဲ့ ကိုဗစ်မျိုးကွဲ၊ အိုမီခရွန်ထပ်ဆင့်မျိုးကွဲ ကူးစက်ခံရသူ ၂၁၁,၇၁၇ ဦးနဲ့ သေဆုံးသူ ၅၁ ဦးအထိ ရှိလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DCC) က ထုတ်ပြန်ထားတာကို ကိုးကားကာ Bangkok သတင်းမှာရေးသားပါရှိပါတယ်။

ကိုဗစ် ၁၉ မျိုးကွဲကူးစက် ပျံ့နှံမှု နှုန်းက ဆက်တိုက်မြင့်တက်နေပြီး မေလ ၁၇ ရက်ကနေ ၂၇ ရက် အထိ တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၆၇,၄၈၄ ဦးနဲ့ သေဆုံးသူ ၈ ဦးထိ တိုးလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DCC) ထုတ်ပြန်ချက်အရ သိရပါတယ်။ဆုန်ခရမ် ပွဲတော် နောင်းပိုင်းကာလအတွင်း ကိုဗစ်ကူးစက်မှု ပိုမိုတွေ့ရှိလာရခြင်း ဖြစ်တယ်လို သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိ ကူးစက်ပျံ့နှံနေတဲ့ အိုမီခရွန်ထပ်ဆင့်မျိုးကွဲ JN – 1 နဲ့ XEC တိုက အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားမှာ ကူးစက်ပြန့်ပွားနေပြီး အခင် ကိုဗစ်ကဲ့သို ပြင်းထန်မှုမရှိပေမယ့် ရောဂါကူးစက်မှုနှုန်း မြန်ဆန်တယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ထုတ်ပြန်ထားပါတယ်။ကိုဗစ်မျိုးကွဲရောဂါလက္ခဏာတွေကတော့ အနံ့အရသာ ပျောက်တာ၊ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ခြေလက်ကိုက်ခဲတာ၊ နှာရည်ညို၊ နှာစီးတာ၊ ချောင်းဆိုး၊ လေချောင်းနာအပြင် ပျော့အန်တာနဲ့ ဝမ်းလျောစတာတွေဖြစ်ပွားတတ်တယ်လိုဆိုပါတယ်။