ပြင်ပလူနာဆေးခန်းတွေမှာ တုပ်ကွေးဆန်ဆန် ဖျားနာမှုတွေ ဖြစ်ပွားမှုရာခိုင်နှုန်း အနည်းငယ် တိုးလာပေမယ့် တရုတ်နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုပါရဂူတွေကတော့ Covid-19 ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ပြည်သူလူထုကို အာမခံချက် ပေးထားပါတယ်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်တားဆီးရေးစင်တာက မေလ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ သတင်းအချက်အလက်အရ ဆိုရင် စောင့်ကြည့်ဆဲကာလဖြစ်တဲ့ မတ်လ ၃၁ ရက်ကနေ မေလ ၄ ရက်အတွင်းမှာ ပြင်ပလူနာနဲ့ အရေးပေါ်ဌာန တွေမှာ တုပ်ကွေးရောဂါဆန်ဆန် ဖြစ်ပွားတဲ့အထဲက Covid-19 ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းဟာ ၇ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၁၆ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့တာပါ။အဲဒီအချက်အလက်အရ ဆေးရုံတက်ကုသနေရတဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနေသူ တွေကြားမှာ Covid-19 ဖြစ်နိုင်ချေက ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ တာဖြစ်ပါတယ်။

မေလ ၁၃ ရက်က တင်ပြလာခဲ့တဲ့ ပြည်သူ့ကျန်းမာရေးစာစောင်အရ ကိုဗစ်ဆန်ဆန် ရောဂါဖြစ်ပွားမှုတွေအနည်းငယ် တိုးလာနေပေမယ့် ဒါဟာ သာမန်အတက်အကျဖြစ်တာမျိုးသာ ဖြစ်တယ်လို့ ဆရာဝန်တွေကပြောကြားထားတယ်လို့ ဆိုပါတယ်။ ဝူဟန်တရုတ်သမဂ္ဂဆေးရုံက ဒေါက်တာကျိုးလေ့ကတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပေမယ့် ပြည်သူတွေ သတိထား သင့်ကြောင်းနဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ကူးစက်ရောဂါဟာ ရောဂါလက္ခဏာအရ တအားပြင်းထန် လာရင် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေဟာ သေဆုံးတဲ့အထိ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။