ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့မှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဂါ ကာကွယ်ဆေး (OCV)ကို ဒုတိယအကြိမ်အဖြစ် မေလ ၉ ရက်က တိုက်ကျွေးခဲ့ပါတယ်။ အခုလို တိုက်ကျွေးရာမှာ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက စစ်ကိုင်းမြို့မှာရှိတဲ့ ရဟန်းရှင်လူပြည်သူ ၂၀၀၀၀ ကျော်ကို တိုက်ကျွေးတာ ဖြစ်တယ်လို့ စစ်ကိုင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာသော်တာထက်က ပြောပါတယ်။

OCV ဆေးဟာ သုံးကြိမ်တိုက်ကျွေးရတဲ့ ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး ပထမအကြိမ်ကို မေလ ၁ ရက်က တိုက်ကျွေးခဲ့ပြီး ၇ ရက်အကြာမှာ ဒုတိယအကြိမ်နဲ့ နောက်ထပ် ၂၈ ရက်အကြာမှာ တတိယအကြိမ် တိုက်ကျွေး ရတာဖြစ်တယ်လို့ ဆိုပါတယ်။ကာကွယ်ဆေးတိုက်ကျွေးရာမှာ KBZ ဖောင်ဒေးရှင်း၊ KBZ Center Mandalay ကလည်း ဆေးသောက်ဖို့အတွက် ရေသန့်ဘူး ၄၈၀၀၀ ပါဝင်ကူညီထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ အခုလို ရေသန့်ဘူးတွေ ပါဝင်ထောက်ပံ့ကူညီ လှူဒါန်းတဲ့အတွက် KBZ ဖောင်ဒေးရှင်း၊ KBZ Mandalay Center ကို ကျေးဇူးတင်တယ်လို့ ဒေါက်တာ သော်တာထက်က ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ နောက်ဆက်တွဲ ရောဂါကာကွယ်ရေးတွေနဲ့ကုသရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။