ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၉ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၃၁ ယောက် တွေ့ရှိရတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်ကနေ ၈ ရက်အထိ တစ်အတွင်း ဓာတ်ခွဲနမူနာ၂၁၅၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး အတည်ပြုလူနာသစ် ၃၁ ယောက် တွေ့ရှိရတာဖြစ်ကာ ပိုးတွေ့ရာခိုင်နှုန်းက ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ်တွေ ပြန်လည်တွေ့ရှိလာခဲ့တာဖြစ်ပြီး အတည်ပြုလူနာသစ်တွေ့ရှိမှုကလည်း တစ်ပတ်ထက်တစ်ပတ် ပိုများလာတာကို တွေ့ရှိပါတယ်။