ထိုင်းနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ Covid-19 XEC မျိုးကွဲအသစ်က ပုံမှန်တုပ်ကွေးထက် ခုနစ်ဆ ပိုမိုမြန်ဆန်စွာ ပျံ့နှံ့ကူးစက်နိုင်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လာတာကို Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ ချူလာလောင်ကွန်တက္ကသိုလ် ဆေးပညာဌာနက ဒေါက်တာတစ်ယောက်ကလည်း အဲဒီ Covid-19 အမျိုးအစား သစ်က တုပ်ကွေးရောဂါထက် ခုနစ်ဆနီးပါး ပိုမိုမြန်ဆန်စွာ ပျံ့နှံ့ကူးစက်နိုင်တယ်လို့ ပြောကြားထားပါတယ်။

အခုမျိုးကွဲသစ်က ထူးထူးခြားခြား မပြင်းထန်ပေမယ့် အလွန်လျင်မြန်တဲ့ ကူးစက်မှုနှုန်းကြောင့် ပြည်သူတွေ အတွက် အန္တရာယ်များမှာကို စိုးရိမ်တယ်လို့ ထိုင်းအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားထား ပါတယ်။ကူးစက်မှုမြန်ပေမယ့် သေဆုံးမှုနှုန်း အတော်လေးနည်းတာကြောင့် ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ကျန်းမာရေးအာဏာပိုင်တွေကလည်း အလေးပေးပြောကြားထားပါတယ်။