ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု လျှော့ချနိုင်ရေး ၆ လစီမံချက်ကို အမြန်အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

၂၀၂၄ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာ ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု လျှော့ချ နိုင်ရေး ၆ လစီမံချက်ကို ရေးဆွဲပြီးတာကြောင့် အမြန် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှုကတော့ သိသိသာသာ ကျဆင်းခဲ့ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ ဆင်ခြေထောက်ရောဂါပိုး ကူးစက်မှု ဆန်းစစ် ချက်ရလဒ်တွေအရ ဆင်ခြေ ထောက် ရောဂါပိုး ကူးစက်မှု မတွေ့ရတဲ့အတွက် ၂၀၃၀ ပြည့်နှစ်မှာ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး ရည်မှန်းချက် ပြည့်မီနိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။