အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ ဝက်သက်ရောဂါကူးစက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ABC သတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ ဆယ်စုနှစ်နှောင်းပိုင်း အမေရိကန်ပြည်ထောင်စု မှာ ဝက်သက်ရောဂါနဲ့ပထမဆုံး သေဆုံးတာ ဖြစ်ပါတယ်။ Texas Tech တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနက ပြောရေးဆိုခွင့်ရှိသူ Melissa Whitfield က သေဆုံးမှုကို ဖေဖော်ဝါရီ ၂၆ ရက်က အတည်ပြုခဲ့တာပါ။

သေဆုံးသွားတဲ့ လူနာရဲ့ အသက်အရွယ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိမှာ တက္ကဆက် ပြည်နယ်အနောက်ပိုင်းက ကျေးလက်ဒေသက ခရိုင် ၉ ခု မှာ ဝက်သက်ရောဂါ ကူးစက်ခံရသူ ၁၂၄ ယောက်အထိ တိုးလာတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။နယူးမက္ကဆီကိုပြည်နယ် အရှေ့ပိုင်းမှာလည်း ရောဂါဖြစ်ပွားမှု ၉ ခု ရှိပါတယ်။ ဝက်သက်ဖြစ်ပွားစေတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ဟာ လေထုထဲမှာ နှစ်နာရီအထိ အသက်ရှင်နိုင်ပါတယ်။

ရောဂါကူးစက်ခံရနိုင်ခြေရှိ တဲ့ အခြေအနေမျိုးမှာ လူ ၁၀ ယောက်မှာ ၉ ယောက်အထိ ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC) က ပြောပါတယ်။ကလေးအများစုဟာ ဝက်သက်ဖြစ်ရင် ပြန်ကောင်းလာတတ်ပေမယ့် ရောဂါပိုးကူးစက်မှုကြောင့် အဆုတ်ရောင် တာ၊ မျက်စိကွယ်တာ၊ ဦးနှောက်ရောင်ရမ်းတာနဲ့ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်။