ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန် ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ် ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေ ရာတွေကို ရှောင်းရှားနိုင်ဖို့ သတိပေး နှိုးဆော်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဇွန် ၁ ရက် မနက်ပိုင်းကစပြီး မြစ်ကြီးနားမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်နေတဲ့အတွက် ရေဘေးသင့်အိမ်ထောင်စုတွေကို ကူညီကယ်ဆယ်ရေးနဲ့ ရွှေ့ပြောင်းပေးတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။