ဘရာဇီးနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့တာကြောင့် အမြန်ဆုံး စုံစမ်းဆေးတာတွေ ဆောင်ရွက်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားလာတာကို Reuters သတင်း မှာ ဖော်ပြထားပါတယ်။ ဘရာဇီးအရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်ရှိ တောရိုင်းငှက်တွေမှာ ကြက်ငှက် တုပ်ကွေး ရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့တာဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါ တယ်။

စုံစမ်းစစ်ဆေးမှုအတွင်း စီးပွားဖြစ်သက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ စိုက်ပျိုးရေးဝန်ကြီး Carlos Favaro က ပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာ ထိပ်တန်း ကြက်သားတင်ပို့တဲ့ ဘရာဇီးဟာ အခုလ အစောပိုင်းက မွန်တီနီဂရိုးမြို့တောင်ပိုင်းရှိ စီးပွားဖြစ် မွေးမြူရေးခြံတစ်ခုမှာလည်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကို တွေ့ရှိခဲ့ပါသေးတယ်။