၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း သစ်လွင်ဆရာဝန်တွေနဲ့ သွားနဲ့ခံတွင်းဆရာဝန် စုစုပေါင်း (၁၂၀၀)ကျော်ကို ခန့်အပ် သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါ တယ်၊၊ဇူလိုင်လ ၂ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

ခန့်အပ်သွားမယ့်ဆရာဝန်တွေရဲ့ ဆေးကုသခွင့်လိုင်စင်တွေနဲ့ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်သွားဖို့နဲ့ လိုအပ် သလို ဆေးကုသခွင့်လိုင်စင်တွေ အသစ်ထုတ်ပေးတာ၊ လိုင်စင်သက်တမ်းတိုးတာနဲ့ ယာယီပိတ်သိမ်းထားရာကနေ ပြန်လည်ခွင့်ပြုတာတွေကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက်သွားဖို့ လိုတယ်လို့ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်၊၊အဲဒီလို ခွင့်ပြုရာမှာလည်း ဆရာဝန်တွေရဲ့အရည်အချင်းတွေ ပြည့်မီအောင် သက်ဆိုင်ရာကောင်စီတွေက စနစ် တကျစစ်ဆေးကာ ခွင့်ပြုပေးသွားရမှာဖြစ်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက် ပေးနေကြသူတွေဖြစ်တဲ့အတွက် မိမိတို့ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို အမြဲလိုက်နာ စောင့်ထိန်းကြ ဖို့နဲ့ လူနာတွေနဲ့ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံဖို့ လိုအပ်တယ်လို့လည်း ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်၊၊

ဒါ့အပြင် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနဲ့ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနဲ့သားဖွား ကောင်စီတွေအနေနဲ့လည်း နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက် တွေနဲ့အညီ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်တွေ ထုတ်ပေးရာမှာ စနစ်တကျ စိစစ်ဆောင်ရွက်သွားဖို့နဲ့ အချိန်နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရေး အလေးထားဆောင်ရွက်သွားဖို့ လိုတယ်လို့ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသွားခဲ့ပါတယ်၊၊